ဇလွန် ဇန်နဝါရီလ ၂၈
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် Silent Strike (အသံတိတ်သပိတ်)နှင့်ပတ်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များနှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၅ နာရီအချိန်မှ စ၍ နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့နှိုးဆော် အသိပေးသတင်းထုတ်ပြန်ရာတွင်ဇလွန်မြို့ ရှိဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက် အုပ်စုအဖြစ် ကြေညာ ထားသော CRPH ၊ NUG နှင့်ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကိုပျက်ပြားစေရန်နှင့်ပြည်သူလူထုကိုအကြောက် တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရား များပျက်ပြား စေရန်ရည်ရွယ်လှုံ့ဆော်ခြင်း ၊ ဝါဒဖြန့်ခြင်း ၊ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ယက် Facebook Account များမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက် ရှိခြင်း ကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု ၊ ဝါဒဖြန့်မှု များအပေါ် မသိနားမလည်၍ဖြစ်စေ ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့်အသံဖြင့်ဖြစ်စေ၊ပြုလုပ်ခြင်း၊လှုံ့ဆော် ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊အားပေးကူညီခြင်းများ အစရှိသည်တို့ကိုပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ရာဇသတ်ကြီးပုဒ်မ. ၁၂၄ -ကနှင့် ပုဒ်မ ၅၀၅ -က ၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများအရအရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ခြင်းအားလိုက်လံအသိပေးနှိုးဆော်ထား ကြောင်းသိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)