အင်္ဂပူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် သတင်းထုတ်ပြန်မှုများအား သိရှိနိုင်ရန် အသိပေးနှိုးဆော်ခြင်းဆောင်ရွက် 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင်SilentStrike(အသံတိတ်သပိတ်)နှင့်ပက်သက်ပြီးဒေသခံပြည်သူများသိရှိစေရေးအသိပေး ထုတ်ပြန်ချက်များကို ယမန်နေ့ က ည ၆ နာရီမှစ၍ အသိပေး နှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိ‌ကြောင်းသိရသည်။

သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုးကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့် စကောကရင် ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ရှိ ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက် လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် ကံ့ကော်လမ်းဆုံရှိ ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဆောင်ရွက် ခဲ့ကြသည်။

ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းနှင့် Mobile ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပလောက်မြို့၊ ရွှေတိဂုံပုံတူ စေတီအရှေ့၊ တံတားဂိတ်နှင့် အမှတ်(၄)ရပ်ကွက်၊ လမ်းဆုံတို့၌ ဖြတ်သန်းသွား လာနေကြသည့် မော်တော် ယာဉ်များနှင့် ဆိုင်ကယ်များမှ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးလက်မှတ် ရှိ/မရှိစစ် ဆေးခြင်းနှင့် လက်မှတ်မရှိသူ များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြာက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုဖလား အသက်(၃၀)နှစ် အထက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ                      

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီ နာယကမှ ဦးစီးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ်၊ ပြည်ထောင်စုဖလား အသက်(၃၀)နှစ်အထက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို မူဆယ်ပြည်ထောင်စု အကစားကွင်းကြီးတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။   ရှေးဦးစွာ မူဆယ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီနာယက၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးမှ ဒေသတွင်းအားကစားသမားများ၏ ချစ်ကြည်ရင်းနှီးမှု၊ မိမိကိုယ်စားပြုအသင်း များ၏ ဂုဏ်ကို ဖော်ဆောင်နိုင်မှုများဖြင့် မြို့နယ်မှတစ်ဆင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ အားကစားအဆင့်အတန်း အမြဲတိုးတက်နေအောင် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် အမှာ စကား ပြောကြားပြီးနောက် စစ်ကြောင်းမှူးမှ အလေးပြုချီတက်ခြင်းဖြင့် ဦးဆောင်၍ ဘောလုံး အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုခဲ့ကြသည်။              

ရွှေသောင်ယံမြို့၌ သတင်းထုတ်ပြန်မှုများအား သိရှိနိုင်ရန် အသိပေးနှိုးဆော်ခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၈)နာရီအချိန်က အသံတိတ် သပိတ် (Silent Strike)နှင့် ပတ်သက်သော နှိုးဆော်ချက်များကို ပြည်သူများ သိရှိလိုက်နာစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လက်ကိုင်ဟွန်းဖြင့် ရပ်ကွက်အတွင်း လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စာရင်းစစ်ရုံးတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင် ကြားပေးလျက်ကြောင်း သိရှိရသည်။

သံတောင်ကြီးမြို့နယ် Community Centre တွင် Book Club/Youth Club များက စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း အကျိုးကျေးဇူး သိစေရှိစေရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာ ဖေမြင့်၏ အပြောင်မြောက်ဆုံး ဘဝတစ်ခုကို တည်ဆောက်ခြင်း စာအုပ်အား ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က သံတောင်ကြီး မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်တွင် နွေစပါးသီးနှံများ စိုက်ပျိုးမည့် တောင်သူများအား ယူရီးယားဓါတ်မြေသြဇာ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင်  နွေစပါးနှင့်ဆောင်းစပါးသီးနှံများစိုက်ပျိုးမည့် တောင်သူများအား   ယူရီးယားဓါတ်မြေသြဇာအိတ်များ ဈေးနှုန်းချိုသာစွာဖြင့် ဇန်နဝါရီ  ၂၀ ရက်နေ့မှစတင်၍  ရွှေကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌   ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

ခိုလမ်မြို့၌ အကြမ်းဖက်အဖွဲ့များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပါဝင်ပတ်သက်မှုများ မရှိစေရေး အသိပေး နှိုးဆော်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် အကြမ်းဖက်အဖွဲ့ဝင်များ၏ နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မူများတွင် ပြည်သူများအနေဖြင့် ပါဝင် ပတ်သက်မှု မရှိစေရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်မှ စတင်၍ မြို့ပေါ် (၆)ရပ်ကွက်အတွင်း Hand speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
Subscribe to