ကျိုက်ထိုမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ ပေးခြင်း (MHPSS) ဆင့်ပွားသင်တန်းဖွင့်လှစ်

ကျိုက်ထို မတ် ၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေး‌ခြင်း (MHPSS) ဆင့်ပွားသင်တန်းကို မတ် ၂၄ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုက်ထိုမြို့နယ် အ‌ခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက သင်တန်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် ကျန်းမာပျော်ရွှင်မှု၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်စိတ်ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှု (PFA) မိတ်ဆက်နှင့်ပံ့ပိုးလုပ်ဆောင်ခြင်း၊ PFA ပံ့ပိုးသူတစ်ဦး၏စွမ်းရည်များ၊ အရည်အချင်းများ၊ PSS လုပ်ငန်းများကို လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း စသည့်ဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးခြင်း (MHPSS) ဆင့်ပွားသင်တန်းသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၅၈) ဦးတို့အား ပညာရေးဌာနမှ သင်တန်းနည်းပြ (၁၅) ဦးတို့က စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)