မိတ္ထီလာ မတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်က မြို့နယ်စည်ပင်သာယာစျေး အနောက်ဘက်ဝင်ပေါက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေး လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း မိတ္ထီလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမင်းကို၊ လျှပ်စစ်အင်ဂျင်နီယာ ဦးရဲလင်းကိုကိုတို့ ဦးဆောင်လျက် ဒုတိယလက်ထောက်ကြီးကြပ်ရေးမှူး(မီတာ)၊ လယ်ဂျာစာရေး၊ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများပါဝင်သောအဖွဲ့သည် မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲလျှက်ရှိသော ပြည်သူများထံ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ ပြုစုထားသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)