တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကဗျာရွတ်​ပြိုင်ပွဲနှင့် ပုံ​ပြင်ပြောပြိုင်ပွဲ ကျင်းပ

တနိုင်း မတ်လ ၂၆

တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကဗျာရွတ်​ပြိုင်ပွဲနှင့်ပုံ​ပြင်ပြောပြိုင်ပွဲ ယနေ့ ၁၁ နာရီတွင် ကျင်းပပြုလုပ်ပြီး နွေရာသီအားလပ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွင်စေရန်၊ အသိပညာများတိုးပွားလာစေရန်၊ ဗဟုသုတများရရှိစေရန်၊ စာဖတ်သည့်အလေ့အထများ ဖြစ်စေရန်၊ စာကြည့်တိုက်၌ လူငယ်များပျော်ရွင်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည်။

အဆိုပါ ​ကဗျာရွတ်နှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်း​​သား/ ကျောင်းသူဦးရေ(၂၁)ဦး ပျော်ရွှင်တက်ကြွစွာပါဝင်ခဲ့ရာ ကဗျာရွတ် ပြိုင်ပွဲတွင် ကျောင်းသား/သူ (၁၅)ဦး ယှဥ်ပြိုင်ခဲ့ပြီး၊ ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား/သူ ၁၀ ဦး ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)