ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

မင်းဘူး   ဇန်နဝါရီ   ၃၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများသို့ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးခြင်းကို ယမန်နေ့ ၉ နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မင်းဘူးခရိုင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဒုခရိုင် ဦးစီးမှူး ဦးမြင့်နိုင်၊ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးသက်နှင့် ဝန်ထမ်းများက အဖွဲ့များခွဲကာ မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက်နှင့် စကုမြို့ အမှတ် (၃) ရပ်ကွက်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ ပေးရာတွင် မင်းဘူးမြို့အမှတ် (၁) ရပ်ကွက်တွင် ၁၀ နှစ်ပြည့်ကျား ၆၀ ဦး၊ မ ၇၃ ဦးနှင့် ၁၈ နှစ်ပြည့်ကျား ၃၄ ဦး၊ မ ၆၄ ဦးပေါင်း ၂၃၁ ဦးဖြစ်၍ စကုမြို့အမှတ် (၃) ရပ်ကွက်တွင် ၁၀ နှစ်ပြည့်ကျား ၆၄ ဦး၊ မ ၆၅ ဦးနှင့် ၁၈ နှစ်ပြည့် ကျား ၁၀ ဦး၊ မ ၁၇ ဦးပေါင်း ၁၅၆ ဦးနှင့်စုစုပေါင်း ၃၈၇ ဦး ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ် လ.ဝ.က ဦးစီးဌာနမှ သိရသည်။

 ဇေယျာထက်(မင်းဘူး)