သီပေါ ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်ပရိသတ်လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာများကို သူတစ်ပါးအား ပြန်လည်မျှဝေ နိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ် သည့် အလေ့အကျင့်ကောင်း များရရှိစေရန်ရည်ရွယ်၍ စာရေးဆရာ အောင်သင်း ရေးသားသည့် “ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ Book Club အဖွဲ့ဝင် ဦးစိုင်းဆိုင်လောဝ်က ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် Women Club နှင့် Youth Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား တစ်လလျှင်(၁) ကြိမ်ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်လေး