ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာတွင် ဖူးစားပြောင်းစိုက် တောင်သူမိသားစုဝင်များ စျေးကောင်းရရှိ

ပိုင်ကျုံ  ဇန်နဝါရီ  ၃၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာရှိ တောင်သူများသည် ဖူးစားပြောင်းစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး  စိုက်ပျိုးသူများ စျေးကောင်းရရှိကြောင်း သိရသည်။

ဖူးစားပြောင်းစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန်နှင့် နွေနှင့် ဆောင်းရာသီစိုက်ပျိုးလျှင် ရေသွင်း၍ မြေအစိုဓာတ်ရရှိစေရန် ရေလုံလောက်စွာသွင်းပေးရပြီး စိုက်ပျိုးပြီး ()လအကြာတွင် ဖူးစပြုပြီး ()လအကြာတွင် ခုတ်၍ရောင်းချရသည်။ လက်ရှိဖူးစားပြောင်းစျေးနှုန်းမှာ လက်လီစျေးတစ်ဖူးလျှင် ၂၀၀ကျပ် လက်ကား စျေးတစ်ဖူးလျှင် ၁၅၀ကျပ်ရောင်းချရသည်။ ပြောင်းဖူးပင်များကို စနစ်တကျစိုက်ပျိုးထားပါက အထွက်နှုန်းကောင်းမွန်ပြီး ဖူးစားပြောင်းများသည် ပြောင်းကြမ်း၊ သကြားပြောင်း၊ ဗမာပြောင်းဟူ၍ ()မျိုးရှိပြီး ပြောင်းကြမ်းမှာ တိရိစ္ဆာန်များအတွက်သာ အသုံးပြုစိုက်ပျိုးကြသည်။

ဖူးစားပြောင်းများ စိုက်ပျိုးရာတွင် ကျဲပတ်ခြင်း၊ အတန်းလိုက်အစေ့ချစိုက်ပျိုးခြင်းစသည့် နည်းအမျိုးမျိုးရှိသော်လည်း  အတန်းလိုက်အစေ့ချ၍ စနစ်တကျစိုက်ပျိုး ပြီး ရေသွင်းခြင်း၊ ဆေးဖြန်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက် အပင်များပိုမိုကြီးထွား သန်မာစေသည်။ ဖူးစားပြောင်း စိုက်ပျိုးရာတွင် မျိုးစေ့တစ်ဗူးလျှင် အဖူး (၁၀၀၀)ခန့်ထွက်ရှိပြီး တစ်ပင်ကို ()ဖူးအထိ ဖူးကြောင်းထန်းတပင်ကျေးရွာနေ ဖူးစားပြောင်းစိုက်ပျိုးရောင်းချသူ တောင်သူမိသားစုထံမှ သိရသည်။

စောဂျိုးဇက်ဂျူး (ပြန်/ဆက်)