ကျုံပျော် ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးစစ်ဆေးမှုများကို ဇန်နဝါရီ ၃၁ ရက် နံနက်ကမြို့အဝင်/အထွက် အင်းရဲလမ်းဆုံ၌ ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့်အဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဝန်ထမ်းများနှင့် တာဝန်ရှိသူများပူးပေါင်း၍ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များ၌ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအတွင်း လက်နက်ခဲယမ်းနှင့် အန္တရာယ်ကျရောက်စေနိုင်သည့် ပစ္စည်းတစ်စုံ တစ်ရာ ပါရှိခြင်း ရှိ/မရှိနှင့် လက်ကိုင်ဖုန်းများအတွင်း ဥပဒေနှင့်ငြိစွန်းသည့် အကြောင်းအရာများ ပါရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဥပဒေထုတ်ပြန်ချက်များနှင့် ပတ်သက်၍ အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များကို ပြည်သူများထံသို့ဖြန့်ဝေပေးခဲ့ပြီး အ ဆိုပါ လက်ကမ်းစာစောင်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေတို့တွင်ပါရှိသည့် အကြောင်းအရာများနှင့် ပြစ်မှုပြစ်ဒါဏ်များပါဝင်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)