ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု တစ်သိန်းခြောက်သောင်း ကျော်ထိုးပေးနိုင်ပြီဖြစ်

ညောင်ဦး  ဇန်နဝါရီ  ၃၁

မန္တလေးတိုင်းဒေသကြီ၊ ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများကိုဗစ်၁၉ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ (၁၆၄၄၇၉)ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရ သည်။

ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ်နေရာ (၁၂)နေရာဖြင့်ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ် ကာကွယ်ဆေးထိုးပေးနိုင်မှု (၈၈၅၃၀)ဦး၊ Sinopharm ဒုတိယအကြိမ် (၆၂၉၈၀)ဦး၊ Sinovac ပထမအကြိမ် (၃၈၂၉)ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု (၃၃၈၇)ဦး၊ Phae-6 Covisheld ထိုးနှံမှုပထမအကြိမ် (၅၇၅၃) စုစုပေါင်း (၁၆၄၄၇၉) ဦးထိုးနိုင်ပေးခဲ့ပြီဖြစ်ကြောင်း၊ ဆေးခွဲတမ်းရရှိမှုအပေါ်ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့် ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦး မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

ကိုထိန်၊KPD