ကျုံ‌ပျော်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ ကျင်းပ

ကျုံပျော်  ဇန်နဝါရီ  ၃၁

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ‌ အောင်ဆန်းရပ်ကွက်၊ ဦးဖိုးခလမ်းရှိ ဧရာမင်းခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျမင်းကမိမိတို့ ဦးစီးဌာနအနေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များစွာကို တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဌာနဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ဖို့လိုအပ်ကြောင်း၊ ယခုသင်တန်းပို့ချမှု များကိုလည်း စနစ်တကျလေ့လာမှတ်သားပြီး သင်ယူတတ်မြောက်ရန် ကြိုးစားဖို့လိုအပ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉၇)ခုတို့မှ စာရေးဝန်ထမ်းများ တက်ရောက်ကြပြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင့်သုံးဆောင်ရွက် လျက်ရှိသော ဥပဒေ၊ နည်းဥပဒေများ၊ စာရင်းဇယားရေးသွင်းနည်းများ၊ အ‌ထွေထွေဘာသာရပ်၊ စီမံရေးရာဘာသာရပ်၊ ငွေစာရင်းဘာသာရပ်၊ မြေယာရစ်မျိုး အခွန် ဘာသာရပ်တို့ကို မြို့နယ်အုပ်ချုပ်‌ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်‌ရေးမှူးနှင့် ဌာနမှတာဝန်ရှိသူတို့က (၁)ရက်တာအသီးသီး၊ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)