တာလေမြို့၌ ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက်များ ဖြန့်ဖြူးပေး

တာလေ  ဇန်နဝါရီ  ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ဒေသကြက်ဖြန့်ဖြူးပေး​ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က နားယောင်းကျေးရွာအုပ်စုရှိ ဟွေဝုန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ​တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်တင့်တင့်လွင်က ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက် အကူပြု ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက်များ ဖြန့်ဖြူးပေးခြင်း ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ဒေသကြက်များကို တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ဟွေဝုန်းကျေးရွာရှိ စားဝတ်နေရေး အခက်အခဲများရှိနေသည့် အိမ်ထောင်စု(၁၀)စုအတွက် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်၍ အဆင်ပြေစေရန် ဒေသကြက်များကို အိမ်ထောင်စုတစ်စုလျင် ကြက်(၁၀) ကောင်နှုန်းဖြင့် အိမ်ထောင်စု(၁၀)စုအတွက် စုစုပေါင်း ကြက်အကောင်ရေ (၁၀၀)ကို ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ခံ ဒေါ်တင့်တင့်လွင်ထံမှ သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)