ဝက်လက်မြို့ ၌ သဘာဝပိုးနှင်ဆေး လက်တွေ့ပြုလုပ်နည်း ( TOT ) သင်တန်းဖွင့်လှစ်

ဝက်လက်  ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့မစခန်းတွင် ယနေ့ နံနက် နာရီ အချိန်က သဘာဝပိုးနှင်ဆေး လက်တွေ့ပြုလုပ်နည်း (TOT) သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။

ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်က သဘာဝပိုးနှင်ဆေးလက်တွေ့ပြုလုပ်နည်း (TOT)ပြုလုပ်ပုံနှင့် အသုံးပြုနည်းများကို ရှင်းလင်းဆွေးနွေးပြီးနောက်၊ ဒုဦးစီးမှူး ဒေါ်မိုးဝတ်ရည်သောင်းက သဘာဝပိုးနှင်ဆေး ပြုလုပ်ရာတွင် ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ပြုလုပ်ပြရာ သင်တန်းသို့ တက်ရောက်လာသူ တောင်သူများက သိရှိလိုသည်များကိုမေမြန်းကြရာ မြို့နယ်ဦးစီးမှုးနှင့် ဝန်ထမ်းများက ပြန်လည် ရှင်းလင်း ဆွေးနွေးပြောကြသည်။ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှတောင်သူများ တက်ရောက်ကြကြောင်း သိရှိရပါသည်။

 

မြို့နယ်(ပြန်/ဆက်)