ကျောင်းကုန်းမြို့နယ်၌ ပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောင်းကုန်း   ဇန်နဝါရီလ  ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ပြည်သူများသိရှိလိုက်နာစေရန်  သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ထိပ် စစ်ဆေးရေးဂိတ်တွင် ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူများအနေဖြင့်အကြမ်းဖက်အုပ်စုများဖြစ်သည့်CRPH,NUG ယင်းတို့နှင့် ပတ်သက်ဆက်နွယ်နေသူ ပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများ အပေါ်လိုက်လုပ်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ  မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ပြီးပြစ်မှုနှင့် သက်ဆိုင်သည့်ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင် ကြောင်း အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင်များအား ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)