ရေနံချောင်းတက္ကသိုလ်၌ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်ချီနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ

ရေနံချောင်း ဇန်နဝါရီ ၃၁

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်း တက္ကသိုလ်၌ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါး ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမနှင့် ကံ့ကော်ဆောင်တို့တွင် ကျင်းပသည်။

ရေှးဦးစွာ ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်က ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားကာ ဒိုင်လူကြီးဒေါက်တာဘိုးထိုက်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲများကို ဆက်လက် ကျင်းပရာ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များက ပြိုင်ပွဲများကို လှည့်လည်ကြည့်ရှု အားပေး ကြသည်။

 ရေနံချောင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲများကို ဇန်နဝါရီ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး မဟာအရည်အချင်းစစ်သင်တန်း၊ ပထမနှစ်မဟာတန်း တတိယနှစ်ဂုဏ်ထူးတန်းတို့မှ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ ၃၉ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်