ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ရှေ့တန်းရုံးမှ ဦးသန့်ဇင်ထွန်း ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ် ပေးရေးလုပ်ငန်းများကို (၂၇)ရက်နေ့ မှ (၂၈) ရက်နေ့ထိ နှစ်ရက်ကြာဇီးချိုင် ကျေးရွာအုပ်စု သီရီမင်္ဂလာဘုန်းကြီးကျောင်းတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက် များနှင့် အညီ (၁၀)နှစ် နှင့် အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃(က) တွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၀ ) ဦးကိုလည်းကောင်း၊ ၁၈နှစ်နှင့် အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၆(က)တွင် အမျိုးသား၊ အမျိုးသမီးစုစုပေါင်း(၃၅) ဦးကိုလည်းကောင်း၊ (၁၀)နှစ်မှ ၁၈နှစ်ပြည့်လဲလှယ်တွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၂)ဦးကိုလည်းကောင်း၊ ပျောက်ဆုံး၊ ပျက်စီးထုတ်ပေးခြင်းတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၈၅)ဦးကိုလည်းကောင်း ကတ်အမျိုးမျိုးဆောင်ရွက် ပေးလျက်ရှိရာ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၁၃၂)ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
နွေးနွေးအောင်ကြွယ်