လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

အောင်လံ ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်က အမှာစကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက ဆွေးနွေးပွဲအခမ်းအနား ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒုမြို့နယ် ရဲတပ်ဖွဲ့မှူးက ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ ရဲအရေးပိုင်အမှုဖွင့်အရေးယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခြင်း၊ ဒု-မြို့နယ် ဥပဒေအရာရှိက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အချက်အလက်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)