သံတွဲ ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား Silent Strike (အသံတိတ်သပိတ်) တွင်ပါဝင်မှုမရှိစေရေး နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန် ချက်များအား သိရှိစေရေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့လည် ၂နာရီက ဒွါရာဝတီမြို့မဈေးအနီးတွင် ဖြန့်ဝေခဲ့သည်။
ထိုအသိပေးလက်ကမ်းစာစောင်တွင် ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ်ကြေညာCRPH ၊ NUGနှင့်ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရေး အစိုးရ ယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်(Facebook Account)များမှ တစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါ လုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများ ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကိုပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေနှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်းပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင် များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်ခင်စောနှင့် ဝန်ထမ်းများ ပူးပေါင်းဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်