(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

တံတားဦး ဖေဖော်ဝါရီ ၂

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန၌ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီက ကျင်းပကြောင်းသိရသည် ။

ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်ကကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး အသိပညာတိုးပွားလာကာ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည် ။

ထို့နောက် အထက-တံတားဦး ကျောင်းသား ၊ ကျောင်းသူများ(၁၃)ဦးကဆေးရောင်ခြယ်ပြိုင်ပွဲကို မိမိတို့ စိတ်ကြိုက်ဆေးရောင်များဖြင့် ခြယ်သကြပြီး  ကျောင်းသား/သူများအား မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ကြသည်။ ဆက်လက်၍ ကျောင်းသား/သူများက ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာစာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြကြောင်း သိရသည် ။

ဦးရဲတင့်