ပျော်ဘွယ်မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပျော်ဘွယ် ဖေဖော်ဝါရီ ၃

            ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်အဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဖေဖော်ဝါရီလ(၂)ရက်၊ နံနက်(၉) နာရီက ပြည်သာယာရပ်ကွက်၊ မြကျိုင်းတောင် ဘုရားဝင်းအတွင်း ဆောင်ရွက်ခဲ့ကြသည်။

            ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ဘုရားစေတီများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရင်ပြင်တော်နှင့်နံရံများတွင် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ဘုရားဝန်းကျင်တွင်ပေါက်ရောက်နေသော ခြံနွယ်များအားခုတ်ထွင်ရှင်းလင်းခြင်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)