ဝမ်းတွင်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗဟုသုတဉာဏ်စမ်း ပြိုင်ပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

ဝမ်းတွင်း ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပခြင်းနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်မှ လူငယ် လူရွယ်များအတွက် ပြိုင်ပွဲများကျင်းပပေးရခြင်းဖြင့် စာပေ ဖတ်ရှုမှု အားကောင်းစေပြီး ပြောရဲဆိုရဲ တတ်စေသော အတွေ့ကြုံကောင်းများရရှိစေခြင်း၊ သုတစာပေ၊ ဉာဏ်စမ်း၊ ကဗျာစာပေးများ ဖတ်ရှု့ခြင်းဖြင့် အသိပညာများ တိုးပွားလာပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗဟုသုတဉာဏ်စမ်းပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူ များကို မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲသို့ အ.မ.က (၃) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အခမ်းအနား အပြီး တွင် ပြည်ထောင်စုနေ့သိကောင်းစရာ စာအုပ်စာပေများကို လေ့လာဖတ်ရှု့ခဲ့ကြကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)