သတင်းဟိုပင်၌(၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်များ ခင်းကျင်း ပြသ

ဟိုပင်  ဖေဖေါ်ဝါရီ    ၅

 ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူများ အသိပညာဗဟုသုတတိုးပွါးစေရန်၊ စာပေဖြင့် မွေ့လျော်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။

  အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် သုတရသ စာအုပ် အုပ်ရေ ၁၅၀ အုပ်ကို နံနက် ၁၀ နာရီမှ ညနေ ၄နာရီ မိနစ် ၃၀ ထိ ခင်းကျင်းပြသထားရာ ပြည်သူများ စိတ်၀င်တစား ဖတ်ရှုငှါးရမ်းကြကြောင်းနှင့် နံရံကပ်စာစောင်ပြပွဲများ၊ ပြိုင်ပွဲများ လစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

တိုးတိုးမေ