တောင်ကုတ် ဖေဖော်ဝါရီ ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ စာပေမြတ်နိုးသူ လူငယ်များစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အရှင်ဇနက(မန္တလေး စာသင်သား)၏ လူငယ်များ ဘဝရဲ့ လက်တွဲဖော် ရွေးချယ်သောအခါနှင့် ဓမ္မ၊ရသ၊ အတွေးအမြင်စာစု စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့နံနက်က ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ဒုတိယဦးစီးမှူး ဦးစန်းဝင်းက စာပေချစ်မြတ်နိုးသူအဖွဲ့များနှင့် စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း ရည်ရွယ်ချက် လူငယ်များစာ ပေကိုချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်နှင့် စာပေကိုဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး အတွေးအခေါ်ကောင်းများ ရရှိစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်း ခြား ဆုံး ဖြတ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး လူငယ်များဘဝရဲ့လက်တွဲဖော် ရွေးချယ်သောအခါနှင့် ဓမ္မ၊ရသ၊အတွေး အမြင်စာစုစာအုပ်ပါ "ဘဝရဲ့ လက်တွဲဖော်ရွေးချယ်သောအခါ"စာစုနှင့် "အသာစံချင်ရင် အနာခံရမယ်"စာစုများအား ရှင်းလင်းပြောကြားပြီး သိရှိ လိုသည်များအားမေး မြန်းကြရန် ပြောကြားရာ စာပေမြတ်နိုးသူလူငယ်များက သိရှိလိုသည်များအား မေးမြန်း၍ ဒုတိယဦးစီး မှူးဦးစန်းဝင်းကသိရှိလိုသည်များအား ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
စန်းဝင်း (မြို့နယ်ပြန်ဆက်)