(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ပန်းတနော် ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းအတွင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ဌာနပေါင်းစုံပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇေယျာမြင့်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ၊ ဖူဆယ် ဘောလုံးပြိုင်ပွဲ၊ အားလူးကောက်၊ ဇကောရွက်၊ ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ဌာနပေါင်းစုံ ဝန်ထမ်းများက ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသူများအား ဆုများအသီးသီးချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)