ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၌ ရပ်ရွာအ​ခြေပြု အခြေခံစက်ချုပ် သင်တန်းဖွင့်လှစ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ မော်လမြိုင်အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင် ကျောင်းမှ ဖွင့်လှစ်သော ရပ်ရွာအခြပြု အ​ခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အလူးလေးကျေးရွာ သုခကာရီဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ကျင်းပ ပြုလုပ်သည်။

အိမ်တွင်းမှုအတတ်ပညာဖြင့် မိသားစုအပိုဝင်ငွေရရှိရေး ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းပို့ချ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre)တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Woman Club အဖွဲ့တို့ပူးပေါင်း၍ အိမ်တွင်းမှု အတတ်ပညာဖြင့် မိသားစုအပိုဝင်ငွေရရှိရေး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လက်တွေ့ သင်တန်းပေး ပြသခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် အများပြည်သူ အပန်းဖြေအနားယူနိုင်ရန် စိမ်းလန်းမြေနှင့် စက်ဘီးစီးလမ်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဘေး မင်္ဂလာကန်တွင် အများပြည်သူအပန်း ဖြေအနားယူနိုင်ရန် စိမ်းလန်းမြေနှင့် စက်ဘီးစီးလမ်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Subscribe to