ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရေနံချောင်း ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့  ” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်(၈)နာရီက အုတ်ရှစ်ကုန်း ကျေးရွာအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာတွင် မြို့နယ်ဦးစီးမှူး ဦးတင်အောင်ကျော်  ကြီးကြပ်၍ လဝကမှူး ဦးသီဟထွန်း ဦးဆောင်သော ဝန်ထမ်း(၄)ဦးဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အိမ်ထောင်စု လူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ အုတ်ရှစ်ကုန်းကျေးရွာရှိ နိုင် ၃(က)ဆောင်ရွက်သူ(၂၅)ဦး၊ နိုင်၆ (က) ဆောင်ရွက်သူ (၅၂)ဦး နှင့် လဲလှယ်/မိတ္တူ ဆောင်ရွက်သူ(၂)ဦး ၊ စုစုပေါင်း(၇၉)ဦးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် အဆိုပါကွင်းဆင်း ဆောင်ရွက်မှုတွင် ရွှေပျိုးခင်း ပရဟိတအသင်းမှ လူငယ်မောင်မယ်များက ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်မှုတွင် ပါဝင်ကူညီဆောင်ရွက်သည့် အဖွဲ့များနှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လာရောက် ဆောင်ရွက်ကြသည့် ပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အထွထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်းနှင့် ဝန်ထမ်းများက ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ