ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသားလူငယ်များ ဗလ ငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ‌ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ‌ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

တိုက်ကြီးမြို့နယ်၌ ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

တိုက်ကြီးမြို့နယ်၌ ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ တိုက်ကြီး နိုဝင်ဘာ ၂၃ ဒေါ်စောဝတ်ရည်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် e-Government လူ့ စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၃)ဖွင့်ပွဲ ဆင်းပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် e-Government လူ့စွမ်းအားအရင်းအမြစ် အရည် အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၃) ဆင်းပွဲအခမ်းအနားသို့ နိုဝင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ် ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္က သိုလ်(မုံရွာ)မှ ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများ တက် ရောက်ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာထုတ်ယူနေမှုအား ကြည့်ရှုအားပေး

မြန်မာ့စီးပွားရေးဘဏ်(ဘားအံဘဏ်ခွဲ)အနေဖြင့်ဘဏ်လုပ်ငန်းဆောင်တာများကို စနစ်တကျဆောင်ရွက်လျက်ရှိပြီး လစဉ် ၂၁ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာငွေများထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့လုပ်ငန်းလမ်းညွှန် သင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၆)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေပြည်ရတနာခန်းမ၌ ဖွင့်လှစ်သည်။

နတ်မောက်မြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ထုတ်ပြန်ကြေညာ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ အသိပေးထုတ်ပြန်ကြေညာခြင်းကို နိုဝင်ဘာ(၂၁)ရက်နေ့မှ ဒီဇင်ဘာ(၄)ရက်နေ့အထိ မြို့နယ်အတွင်းရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများမှ စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုကြသည်။

မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ မြို့သစ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေး Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်ပြီးစိုက်ပျိုးကြရာ တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ဆောင်းမြေပဲ (၁၀၂၉)ဧက စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းရာသီစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းမြေပဲ (၁၀၂၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to