တောင်ကြီး နိုဝင်ဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်( တောင်ပိုင်း )တာဝန်ခံ ဦးခင်မောင်ဦး သည် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းတို့ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံးခန်းမ၌ MEVM စက်များ ထိန်းသိမ်းထားရှိမှုနှင့် ကျင်းပမည့်ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM စက်များ စမ်းသပ်စစ်ဆေးနေမှုများအား နိုဝင်ဘာ ၂၄ ရက် က ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပြီးနောက် တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆွေးနွေးသည်။ ယင်းနောက် တောင်ကြီးမြို့နယ် ကျောင်းကြီးစုရပ်ကွက်နှင့်ရွှေတောင်ရပ်ကွက်တို့တွင် ဒုတိယအကြိမ်မဲစာရင်းများကပ်ထားကြေညာထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
စိုင်းသန်းကျော်(တောင်ကြီး)