ကျောက်ဆည် နိုဝင်ဘာ ၂၄
နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘွဲ့ကြို(ပထမနှစ်) တက်ရောက်လာသည့် မောင်မယ်သစ်လွင် ကျောင်းသား(၂၂၅)ဦးနှင့် ကျောင်းသူ(၁၅၈)ဦး စုစုပေါင်း (၃၈၃)ဦးတို့ကို ပါမောက္ခချုပ်(တာဝန်)နှင့်ဒုတိယပါမောက္ခချုပ်၊ ပညာရေးနှင့်စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ ဦးဆောင်ပြီး နိုဝင်ဘာ ၂၄ ရက် နံနက်(၈)နာရီခွဲက D1,D2 စာသင်ခန်းများတွင် လှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့ကြောင်း သိရသည်။
ကြိုဆိုပွဲတွင် တက္ကသိုလ်ပညာရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမိတ်ဆက်ခဲ့ကြပြီး မြို့ပြအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာန၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာန၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာဌာန၊ မက္ကာထရောနစ်အင်ဂျင်နီယာဌာန၊ သတ္တုဗေဒအင်ဂျင်နီယာနှင့် ဒြပ်ပစ္စည်းသိပ္ပံဌာန၊ နျူကလီးယားနည်းပညာဌာန၊ နျူကလီးယားနည်းပညာဌာန၊ ဇီဝနည်းပညာဌာန (၉)ခုနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနမှူးများမှ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အား စတင်ဖွင့်လှစ်ခဲ့ပြီး သင်ခန်းစာများ စတင်သင်ကြားခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)