မက်မန်း နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာထားခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ မဲစာရင်းများကြေညာထားခြင်းကို နိုဝင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ ကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် လျှောက်ထားခြင်း၊ အချက်အလက်များ မှားယွင်းမှုရှိပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
ကွန်ဟောင်းကျေးရွာ ‘အလင်းရောင်’ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာထားရှိမှုကို ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရုံး အတွင်းရေးမှူး ဦးကျော်မြင့်လှိုင်၊ မက်မန်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးပြည့်ဖြိုးအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရှိရသည်။
သိန်းသန်း (ပြန်/ဆက်)