မိုင်းနောင် ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန (Community Center) ခန်းမ တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပတ္တိ အမေးအဖြေပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းနောင်မြို့ စာတိုက်တာဝန်ခံ ဦးစိုင်းဘိုနီက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဗိုလ်ချုပ်၏ အတ္ထုပတ္တိကို ကြိုတင်လေ့လာနိုင်ရန် ပြင်ဆင်ပေးခြင်း၊ ပြိုင်ပွဲသို့ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ကျောင်းသား/ ကျောင်းသူများအား အသေးစိတ် ထပ်မံရှင်းလင်းခြင်း၊ ပြိုင်ပွဲဝင်များအား မဲစနစ်ဖြင့် မေးခွန်းများ ဖြေဆိုစေခြင်း၊ အများဆုံး အမှန်ဖြေဆိုနိုင်သူများအား ပထမ၊ ဒုတိယ၊ တတိယဆုများ ရွေးချယ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၈)ဦး ပါဝင်ယှဉ်ပြိုင်ပြီး ဆုရရှိသူ ကျောင်းသား/ ကျောင်းသူများအား အလှူရှင် ဦးစိုင်းဘိုနီနှင့် ပြိုင်ပွဲသို့ တက်ရောက်လာသော ဌာနဆိုင်ရာများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
မနန်း