လွိုင်ကော် ဖေဖော်ဝါရီ ၁၄
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ပြည်သူများအနေဖြင့် အပြင်သို့သွားလာပါက မဖြစ်မနေ နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာမှုရှိစေရန် ဌာန ဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ယနေ့ နံနက် ၈ နာရီမှ နံနက် ၉ နာရီအထိ သီရီမင်္ဂလာဈေး (တောင်ဈေး)တွင် Mask Campaign ပြုလုပ်ပြီး နှာခေါင်းစည်း (Mask)များ ပေးဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာဌေးလွင်၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသ ရေး၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမျိုးကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရန်အတွက် လိုက်နာရမည့် အချက်များ၊ လက်ကို HandGel (သို့မဟုတ်)ဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်နှင့် လူစုလူဝေးနေရာများ သွားလာခြင်းမှ ရှောင်ကြရန် စသည့်အချက်များကို အသိပညာပေးခြင်း၊ အိုမီခရွန် ရောဂါလက္ခဏာ အသိပညာပေးစာစောင်များနှင့် နှာခေါင်းစည်း(Mask) တစ်ထုပ်လျှင် ၂၀ခုပါ အထုပ်ရေပေါင်း ၁၅၃၀ ထုပ် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)