မိုင်းပျဉ်း ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၄၉၉)အား ဖေဖော်ဝါရီလ ၁၁ရက်နေ့နံနက်၁၀နာရီခွဲတွင် အဆိုပါရုံး၌ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် မိုင်းပျဉ်းမြို့ အေးဆန်-အေးချမ်းကျေးရွာ၌ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်မှ စတင် အကောင် အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၄၉၉)အား အဆိုပါ ကျေးရွာများရှိ မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များထံ ထုတ်ချေးပေးသည်။
အဆိုပါ ချေးငွေများကို ကျေးရွာကော်မတီဝင်များထံမှတစ်ဆင့် အေးဆန်-အေးချမ်းကျေးရွာရှိ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ (၅၂)ဦးအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်သန္တာအောင်(ပြန်/ဆက်)