ကော့မှူးတွင်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးမှုများဆောင်ရွက်

ကော့မှူး ဖေဖော်ဝါရီ ၁၄

ကိုဗစ်-၁၉မျိုးရိုးဗီဇ‌ပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်‌‌ရေးနှင့် ရောဂါကူးစက်မှုလျော့ချ နိုင်ရေးအတွက်‌ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် အတွင်း သွားလာ‌နေကြသူများ အနေဖြင့်နှာခေါင်းစည်း Mask တပ်ဆင်ခြင်းရှိမရှိစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask များဖြန့်ဝေခြင်းကို ယနေ့ နံနက်၉နာရီက ဗိုလ်ချုပ်လမ်းမကြီး‌ပေါ်နှင့် မြို့မဈေးကြီးအတွင် ဆောင်ရွက်နေကြောင်းသိရသည်။

အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် အထွေထွေ‌ အုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးစည်သူနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှု‌ဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ၊ ပြန်ကြား‌ရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဗိုလ်ချုပ်လမ်း မကြီး ပေါ်နှင့် ဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအားနှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ကြရန် လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာဆေးကြောရန် အသိပညာပေးပြောကြား ပြီး နှာခေါင်းစည်း  နှာခေါင်းစည်း Mask များအခမဲ့ ဖြန့်ဝေ‌ပေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်အတွင်းဖွင့်လှစ်ရောင်းချသော စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များအားကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ရောင်းဝယ်ကြရန် လိုက်လံ၍ အသိပညာပေးပြော ကြားပြီး ကိုဗစ်-၁၉ရော ဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပညာပေး ပြောကြားခဲ့ ကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)