ကော့သောင်းမြို့၌ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန် ဆိုင်ရာသင်တန်း ပြုလုပ်

ကော့သောင်း  နိုဝင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ‌၂၀၂၅ခုနှစ်  ပါတီစုံအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲလုပ်ငန်း လမ်းညွှန်ဆိုင်ရာသင်တန်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

သင်တန်းတွင် ‌မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးနိုင်လင်းထက်က ၂၀၂၅ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီးခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲအရာရှိများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများအား "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လ(၇)ရက်အထိ လွှတ်တော်ရွေးကောက်ပွဲနှင့်အညီ ပြင်ဆင်ထားသည့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်"စာအုပ်ပါ သိသင့်သိထိုက်သည်များ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)