ဆိပ်ဖြူ နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆောင်းစိုက်ပျိုးရာသီး၌ စားဖိုဆောင်သီးနှံ ငရုတ်စိုက်ပျိုးထုတ်လုပ်မှုများအောင်မြင်ဖြစ်ထွန်း၍ ဈေးကွက်ရရှိလျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ၌ စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်၊ ခရမ်းချဉ်၊ ခရမ်းခေါင်းနှင့် ဟင်းသီး၊ ဟင်းရွက် စိုက်ဧက (၆၂၆၆) ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ကြပြီး၊ ဒေသခံတောင်သူများက မိသားစုဝင်ငွေရရှိရေးနှင့် ဒေသခံများနေစဉ် ချက်ပြုတ်စားသုံးပြည်သူများ သန့်ရှင်းလတ်ဆတ်သော ဟင်းသီး၊ ဟင်းရွက်များ စိုက်ပျိုးကြကာ ဈေးနှင့် ရပ်ကွက်ဈေးဆိုင်များတွင် ရောင်းချကြသည်။ ဒေသခံတောင်သူများအနေဖြင့် စာဖိုဆောင်သီးနှံ ငရုတ်သီး အစို/အခြောက်တို့ကို ဈေးကွက်ဝယ်လိုအားကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးဆောင်ရွက်ကြပြီး ယခုနှစ် ဆောင်းငရုတ်စိုက်ဧက(၃၃၂)ဧကရှိကြောင်း၊ ငရုတ်စိုက်ပျိုးရာ၌ ထိုင်ဝမ်မျိုးစေ့ထုတ်များ ဝယ်ယူပျိုးထောင်၍ ကိုင်းစိုက်ပျိုးမြေနှင့် လယ်စိုက်ပျိုးမြေတို့တွင် မြေအောက်ရေတင်သွင်းစနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ကြောင်း၊ လက်ရှိ ငရုတ်အစို တစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၄၃၀၀) ကျပ်အထိ ဈေးရရှိပြီး၊ ငရုတ်သီးအခြောက် တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်ဈေးရရှိပြီး၊ ငရုတ်ကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းနှင့်စီးပွားဖြစ် စိုက်ပျိုးဆောင်ရွက်သည့် တောင်သူများလည်းရှိကြောင်း၊ ငရုတ်ကို စိုက်ပျိုးမြေ၊ စိုက်ပျိုးရေနှင့် ပင်စည်ဖျက်ပိုးတို့ကိုစောင့်ကြည့်ပြုပြင်၍လိုအပ်သည့် သွင့်အားစုများထည့်သွင်း စိုက်ပျိုးခြင်းဖြင့် သီနှံအထွက်ကောင်းမွန်ရေးဆောင်ရွက်ရကြောင်း ဒေသခံ ငရုတ်စိုက်ပျိုးတောင်သူများထံမှ သိရသည်။
စိုးလင်းနိုင် (IPRD)