ပေါက်ခေါင်း နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းရာသီစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းမြေပဲ ဧက(၁၀၂၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ ဆောင်းရာသီ သီးနှံစိုက်ပျိုးချိန်တွင် ဆောင်းမြေပဲ (၅၇၁၇)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ (၁၀၂၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး၍ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးရန် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်းမြေပဲကို ဆင်းပဒေသာ (၁၁)၊ တွန်တာနီနှင့် ဗီယက်နမ်မျိုး အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ယခင်နှစ် ဆောင်းရာသီစိုက်ပျိုးချိန်တွင်လည်း ဆီထွက်သီးနှံဖြစ်သည့် ဆောင်းမြေပဲစိုက်ပျိုးမှုမှာ အထွက်နှုန်းကောင်းသောကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးအောင်မြင်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်နည်းစနစ် မှန်ကန်ရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)