ခမောက်ကြီး ဖေဖော်ဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ် လမ်းမကြီးနှင့် ရပ်ကွက်လမ်းကြားများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား အများပြည်သူ သိရှိလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် ယနေ့ နံနက်ပိုင်းက လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကူးဆက်ရောဂါအသွင်ဖြင့် ပြန်လည်ကူးစက်နေပြီဖြစ်သောကြောင့် အများပြည်သူ သိရှိလိုက်နာနိုင်ရန်အလို့ငှာ အသိပညာပေး ဆော်ဩခြင်းဖြစ်ပြီး အဆိုပါအသိပေးနှိုးဆော်ချက်များတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ သက်ကြီး ရွယ်အိုနှင့် နာတာရှည်ရောဂါဝေဒနာသည်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်း ဂရုပြုရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများနှင့် အဲယားကွန်းအသုံးများသော အခန်းများ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ စားသောက်ဆိုင်များတွင် ဝိုင်းဖွဲ့စားသောက်ခြင်းများရှောင်ကြဉ်၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ သွားကြရန်၊ မိမိနေအိမ်တွင်သာ ဝယ်ယူစားသောက်ခြင်းပြုကြရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြပါရန်နှင့် မိသားစုအတွင်း ဖျားနာသူများရှိပါက အိမ်တွင်နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ဖြစ်ပေါ် လာပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှူးမှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး လုပ်ငန်းများကို ဆက်လက်လိုက်နာကြရန် အထက်ပါကြေငြာချက်များကို အများပြည်သူမှ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရအရေးယူခြင်းခံရမည် ဖြစ်ကြောင်း ကိုအများပြည်သူ သိရှိလိုက်နာနိုင်ရန် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရပါသည်။
ရူပါမြင့်(ခမောက်ကြီး)