ကြာအင်းဆိပ်ကြီး ဖေဖေါ်ဝါရီ ၁၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေ ဗဟုသုတများ တိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအမြင်များနှင့်ဝေဖန်ခွဲခြား ဆုံးဖြတ်တတ်လာစေရေး စာအုပ်စာစောင်များအားဖတ်ရှုလေ့လာ တတ်သောအလေ့ အကျင့်ကောင်းများ ရရှိလာစေရေးအတွက်ရည်ရွယ်ပြီး ရပ်ကွက် များအတွင်းသို့ ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတ ရသ စာအုပ် စာစောင်များအား စနစ်တကျ ငှားရမ်းပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ၌ အပတ်စဉ်ရုံးဖွင့်ရက်နေ့များတွင် မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ ကွင်းဆင်းသွားရောက်ပြီး မိဘပြည်သူများ အား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် များအားငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါဦးစီးဌာနမှ ဝန်ထမ်းများက အမှတ် (၆)ရပ်ကွက်ရှိ စာဖတ်စာငှား မိဘပြည်သူများအား သုတရသနှင့် ကာတွန်းရုပ်ပြ စာအုပ်စာစောင်များကို မိုဘိုင်းစနစ်ဖြင့် ပြည်သူများဖတ်ရှု လိုသည့်စာအုပ်များအား စနစ် တကျ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး