ညောင်ဦး ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၃၇၁၈၁၂ ဦး ထိုးပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံကသိ ရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်း တောင်းမြို့နယ်တွင် သတ်မှတ်စုရပ်(၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင်သတ်မှတ်စုရပ် နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၈၈၅၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၇၃၉၆၀ဦး၊ Sinovac ပထမအကြိမ် ၃၈၃၄ ဦး၊ Sinovac ဒုတိယအကြိမ် ၃၄၄၄ ဦး၊ Phase -6 Covisheld ပထမအကြိမ် ၇၇၀၀ ဦး၊ Phase -6 Covisheld ဒုတိယအ ကြိမ်(-)ဦး၊ Phase -7 Covisheld ပထမအကြိမ် ၁၃၅၃ ဦး၊ Booster Sinopharm (- )ဦး ၊ Phase -7 Sputnik Light (First Doest) ၁၄၁၄ ဦး၊ Sputnik Light (Booster)၁၀၁၆ဦး ထိုးပေးနိုင်ပြီဖြစ်ကာ ညောင်ဦးမြို့နယ်အနေဖြင့် ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ဆေးထိုး ပေးနိုင်မှု ၁၈၁၂၉၆ ဦးထိုးပေးနိုင်ပြီ ဖြစ်ကာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၉၅၁၉၁ဦး၊ Sinopharm ဒုတိယအကြိမ် ၇၅၁၂၄ ဦး၊ Sinovac ပထမအကြိမ် ၅၂၉၄ဦး၊ Sinovac ဒုတိယအကြိမ် ၄၃၄၅ဦး၊ Phase -6 Covisheld ပထမအကြိမ် ၆၇၁၀ဦး၊ Phase -6 Covishield ဒုတိယအ ကြိမ် ၅၂၈ဦး၊ Phase -7 Covisheld ပထမအကြိမ် ၁၈၂၆ဦး၊ Booster Sinopharm (၅၀ )ဦး ၊ Phase -7 Sputnik Light (First Doest) ၁၄၄၈ဦး၊ Sputnik Light (Booster)(-) ဦး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု ၁၉၀၅၁၆ ဦးထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ညောင်ဦးခရိုင်တွင် ကိုဗစ်ရောဂါကာကွယ်ဆေး ၃၇၁၈၁၂ ဦးထိုးပေးနိုင်ပြီဖြစ်ကြောင်း ဝေးလံသည့် ဒေသများနှင့် လာရောက်ဆေးထိုးရန် မလွယ်ကူသည့်နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုး အဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျှက်ရှိကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးတိုးလွင်က ရှင်းပြသည်။
ကိုထိန်၊KPD