လောင်းလုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရန် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

လောင်းလုံး   ဖေဖော်ဝါရီ   ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်မှု ပိုမိုထိရောက်စေရန်အတွက် ယနေ့နံနက်(၉)နာရီအချိန်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ စည်ပင်သာယာနယ်နိမိတ်အတွင်း ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ဆိုင်ရှင်များထံပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု ပြန်လည်ဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကွင်းဆက်ဖြတ်တောက်ထိန်းချုပ်မှု လုပ်ငန်းများကို မြို့နယ် ထွေ/အုပ်၊ မြို့နယ် စည်/ပင်၊ မြို့နယ် ပြန်/ဆက်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ကွင်းဆင်းစစ်ဆေးကြခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ ရောင်းချသည့်ဆိုင်များအနေဖြင့် ဆိုင်တွင် လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်ထားရှိပေးခြင်း၊ ရောင်းချသူများမှလည်း လက်အိတ်များ ဝတ်ဆင်ခြင်း၊ Mask နှင့် Face shield များတပ်ဆင်ပြီးမှ ရောင်းချစေခြင်း မှာကြားခဲ့ကြောင်းသိရသည်။

သဇင်(လောင်းလုံး)