ရေဖြူမြို့နယ်တွင် ဒုတိယအကြိမ် မီးဘေးသတိမူ‌ရေးအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် (191) စတေကာများဖြန့်‌ဝေခြင်း ဆောင်ရွက်

ရေဖြူ   ဖေဖော်ဝါရီ    ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးအောင်ဇော်ဦး ဦးဆောင်မှု ယမန်နေ့ နံနက်(၇)နာရီ အချိန်တွင် ရေဖြူတံတားထိပ်၊ ရေး-ထားဝယ်ကားလမ်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးလက်ကမ်းစာစောင်တွင် မီးလောင်ကျွမ်းခြင်းအကြောင်း၊ မီးသတ်ဆေး ဘူးအသုံးပြုပုံ၊ မီးသတ်ယာဉ်များ အမြန်ဆုံးလာရောက် ငြှိမ်း သတ်နိုင်ရေးအတွက် သတင်းပေးပို့သင့်ပုံ၊ ကားတိုင်းတွင် မီးသတ်ဆေးဘူးဆောင်ထားသင့်ပုံ၊ မီးဘေးနှင့်သဘာဝဘေး အန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ် ရန်ဖုန်းနံပါတ်များ၊ ဓာတ်ဆီဖြည့်လျှင်/ဓာတ်ဆီဖလှယ်လျှင် သတိထားသင့်သော အကြောင်းအရာများ၊ အပြင်သွားမည်ဆိုပါက မီးဖို၌ မီးကြွင်း မီးကျန် စစ်ဆေး သင့်ပုံ၊ ဆေးလိပ်သောက်သောသူများ သတိဆောင်သင့်ပုံ စသည့်အကြောင်းအရာများ ပါဝင်သည်။ မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက(၂၄) နာရီ အကူအညီတောင်းခံ နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနသို့ဆက်သွယ်ရန် ဖုန်းနံပါတ်(191) စတေကာများ ကပ်နှိပ်ပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးသတိမူရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် (191) စတေကာအကြီးနှင့် (191) စတေကာအသေး ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ရာ ရေဖြူမြို့နယ်၊ မီးသတ်ဦးစီးအရာရှိ ဦးအောင်ဇော်ဦးနှင့် တပ်ဖွဲ့ဝင် (၇)ဦးတို့က လမ်းသွားလမ်းလာများအား ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ခတ္တာ(ရေဖြူ)