မြောင်းမြ ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် မြောင်းမြမြို့ ပြည်သူ့ဆေးရုံ၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ကိုဗစ်-၁၉ Positive Center မြဂုဏ်ယာယီကုသဆောင်များသို့ ယနေ့နံနက် (၁၁:၀၀) နာရီအချိန် က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် မြောင်းမြပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ပြည်သူ့ဆေးရုံရှိ CT Scan ထားရှိသည့်အခန်း၊ ဝန်ထမ်းအိမ်ရာ လေးထပ်ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ဆေးရုံဝန်းအတွင်းရှိ အောက်စီဂျင်စက်ရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဝန်ကြီးချုပ်မှ PPE Level-2 ဝတ်စုံ (၁၀၀) စုံနှင့်၊ Mask (၂၅၀၀)ခု၊ Nolnupac 200 mg သောက်ဆေးပြား (၈၀၀)ကတ်နှင့် ငွေကျပ်(၁)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ခရိုင်ဆရာဝန်ကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဝန်ကြီးချုပ်မှ ကျောင်းသုံးစာရေး ကိရိယာများနှင့်ငွေကျပ် (၁)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆရာ၊ ဆရာမများမှ လက်ခံ ရယူခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့ ဂုန်နီစက်ရုံဝင်းအတွင်းရှိ မြဂုဏ်ခန်းမတွင် ယာယီဖွင့်လှစ်ထားရှိသည့် ကိုဗစ်-၁၉ Positive Center သို့ ရောက်ရှိပြီး Positive လူနာများ ထားရှိမှုနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး၊ လူနာများကို အားပေးစကားများ ပြောကြားပြီးနောက် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)