အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိ

အလုံ  ဖေဖော်ဝါရီ   ၁၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရေးနှင့် စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် (၇:၀၀)နာရီအချိန် က အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ သုခသိဒ္ဓိဓမ္မာရုံရှေ့တွင်တွင် ဆန်၊ ဆီ၊ ကြက်ဥနှင့် အသား၊ ငါးများအား  ရောင်းချပေးလျက်ရှိပါကြောင်း သိရသည်။

ထို့သို့ရောင်းချပေးခဲ့ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကြက်တစ်ပိဿာ ၆၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာ ၁၇၀၀ဝ ကျပ်၊ အရိုး အသားတစ်ပိဿာ ၁၂၀၀ဝ ကျပ်၊ ကလီစာတစ်ပိဿာ ၉၀၀ဝ ကျပ်၊ အမဲသားတစ်ပိဿာ ၁၂၀၀ဝ ကျပ်၊ ဝက်သားအဆီအသား တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ဝက်သားလှိုင်းသား အသားရှယ်တစ်ပိဿာ ၁၂၀၀၀ကျပ်၊ နံရိုးတစ်ပိဿာ ၉၀၀ဝကျပ်နှုန်းနှင့် ရောင်းချပေးလျက်ရှိသည့်အပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းညွှန်မှုအရ ဆန်ကုန်သည် ကြီးများအဖွဲ့၏ စီစဉ်မှုဖြင့် ပေါ်ဆန်း ()ပြည်တစ်အိတ် (၈၅၀၀)ကျပ်၊ ဧည့်မထ ()ပြည်တစ်အိတ် (၅၀၀၀)ကျပ်၊ ဆီတစ်ဗူး (၂၀၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည်။

အဆိုပါစျေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် စည်ပင်သာယာရေးဝန်ထမ်းများက စျေးလာရောက်ဝယ်ယူကြသူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊

တင်တင်ချို