သနပ်ပင် ဖေဖော်ဝါရီ ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သနပ်ပင်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန အမှတ်(၇၃) စက်မှုလယ်ယာစခန်းမှ ကြီးမှူးကျင်းပသော လက်ကိုင်ရှည် လက်တွန်းထွန်စက် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ရေကျော်ကျေးရွာ ရွှေကျီးပင် မူလတန်းလွန်း ကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူးမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် လယ်ယာသုံး စက်ကိရိယာများအား စနစ်တကျ ကိုင်တွယ်မောင်းနှင်တတ်ခြင်း၊ လက်ကိုင်ရှည် လက်တွန်းထွန်စက် အသုံးပြုခြင်းဖြင့် ဘီးချော်မှူမရှိပဲ လုပ်ငန်းတွင်ကျယ်ခြင်း၊ လုပ်ငန်းပြီးစီးမှု ပိုမိုမြန်ဆန်ခြင်း၊ ဆီကုန်မှုနည်းခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း၊ လမ်းလျှောက်ရန် မလိုသည့်အတွက် လူသက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပဲခူးခရိုင် စက်မှုလယ်ယာ ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စိူက်ပျိုးရေးဝါသနာရှင်များ၊ တောင်သူဦးကြီးများမှ လက်တွန်း ထွန်စက် လက်တွေ့သရုပ်ပြ မောင်းနှင်နေမှုအား ကြည့်ရှူအားပေးခဲ့ကြောင်း သိရသည်။
လှမိုး