နမ့်ဆန် ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်း (၁) နာရီ အချိန် က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ သူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ မိုင်းအန္တရာယ်အကြောင်း အသိပညာပေး (Talk Show)ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်ဆန်ဒေသအဆင့်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်း က (Talk Show) ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးခင်မောင် က မိုင်းနှင့်စစ်လက်နက် အကြွင်းအကျန်များကြောင့် ဒေသတွင်းထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများ တိုက်ပွဲဖြစ်ပွားခဲ့သည့်ဒေသအတွင်း နေထိုလျက်ရှိသည့် ပြည်သူလူထုအနေဖြင့် သတိပြုနေထိုင်သင့် သည့်အချက်များ မိုင်းနှင့်စစ်လက်နက်အကြွင်းအကျန်များ တွေ့ရှိခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာ ရရှိခြင်းများရှိပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသအဆင့်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေး (Talk Show) များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါဆွေးနွေးချက် ရုပ်သံဗီဒီယိုဖိုင်ကို နမ့်ဆန်ဒေသ ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်(ပြန်/ဆက်)