မြောက်ဦး ဖေဖော်ဝါရီ ၁၉
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်၌ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီနှင့် အမျိုးသမီး ကော်မတီ အစည်းအဝေးကိုထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယမန်နေ့ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင်၌ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီနှင့် အမျိုးသ မီးကော်မတီကို တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ရဲမှူးကြီး ခင်မောင်စိုး၊ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ၊ဌာနဆိုင်ရာများမှ ခရိုင်မှူးများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကရုဏာလှိုင်း သွေးလှူရှင် များအသင်း၊မြို့မိမြို့ဖများ တက်ရောက်ကြ သည်။
ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီ ဥက္ကဌ ဦးကောင်းမြတ်နိုင်မှ မြန်မာနိုင်ငံ ၁၉၉၉ ခုနှစ် ကUNCRC ၏ ဉပဒေဖြစ်လာပြီးနောက်တွင် ၁၉၉၃ ခုနှစ်က Child Of Rights ဉပဒေကို ပြဌာန်းခဲ့သည်။ ယင်းနောက် ကလေး သူငယ်ဆိုသည်မှာ အသက် ၁၆ နှစ် မပြည့်သေးသောသူကိုဆိုသည်၊ လူငယ်ဆိုသည်မှာ အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မပြည့်သေးသောသူကိုဆိုသည့် ကလေးသူငယ် များ အခွင့်အရေးဆိုင်ရာများကို ပြောကြားခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမြင့်ဇော်မှ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဉပဒေ (၂၀၀၉ခုနှစ်) ပါအရ ယခင် ၁၉၉၃ခုနှစ်၊ ကလေး သူငယ်ဉပဒေ အရ အခန်း (၁၈) ခန်း၊ ပုဒ်မ (၇၅) ခု၊ ယခု ကလေးသူငယ်အ ခွင့်အရေး များ ဆိုင်ရာ ဉပဒေ အရ အခန်း (၃၀) ခန်း၊ ပုဒ်မ (၁၂၁) ခု ဖြင့် ဆက်လက် ပြဌာန်း ထား သည်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဉပဒေတွင် အမည်၊ စီရင်ပိုင် ခွင့်နှင့်အဓိပ္ပာယ် ဖော်ပြ ချက် စသည့် အခန်း(၁) မှ အခန်း(၃၀)ထိရှင်းလင်း ပြောကြား ခဲ့သည်၊၊
ဆက်လက်၍ အမျိုးသမီးများနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများတွင် အကြမ်းဖက်မှု၏ ဆိုးကျိုးများ ခန္ဓာကိုယ်အနာတရ ဖြစ်စေခြင်း၊ စိတ်ထိခိုက်ကာ စိတ်ဓာတ်ကျခြင်း စသည့် အကြောင်းအရာ တို့ကို ရှင်းလင်းပြောကြားခဲ့သည်၊၊ ဆက်လက်၍ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေးသို့တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အပြန်အလှန် ဆေွးနွေးခဲ့ကြောင်းသိရသည်။
မြင့်စိုး (ပြန်/ဆက်)