သိန္နီမြို့တွင် (Omicron)ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

သိန္နီ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် ယမန်နေ့ နံနက် (၉)နာရီအချိန်က အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်း၏ ကြီးကြပ်မှု ဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး မြို့မဈေးအတွင်းရှိ ဈေးရောင်းသူ/ဝယ်သူများနှင့် ပြည်ထောင်စု လမ်းမပေါ် ဖြတ်သန်းသွားလာသူများ၊  ခရီးသည်မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များမှ နှာခေါင်းစည်း တပ်ဆင်၍ မလာသူများကို နှာခေါင်းစည်း အခု(၁၅၀၀)အား အခမဲ့ဖြန့်‌ဝေပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အပူချိန်တိုင်းတာခြင်း၊ နေအိမ်ပြင်ပထွက်ခွာပါက Mask စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ အပြင်မှ ပြန်လာပါက လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားရန် စသည့် အသိပညာပေးခြင်း လုပ်ငန်းများကို စုပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။      

စုမြတ်(သိန္နီ)