နတ်မောက်မြို့နယ် တောင်ဒေါင့်ကျေးရွာအုပ်စု၊ ကုန်းဇောင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

နတ်မောက် ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် တောင်ဒေါင့်ကျေးရွာအုပ်စု ကုန်းဇောင်းကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူ များအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက်ပိုင်းက ကုန်းဇောင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူ ကျား(၁၈)ဦး ၊ မ(၂၁)ဦး၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူ ကျား(၈)ဦး၊ မ(၂၈)ဦး၊ လဲလှယ် မ (၁)ဦး၊ မိတ္တူ ကျား (၁)ဦး၊ မ (၃)ဦး စုစုပေါင်း (၈၀)ဦးအား ပြုလုပ် ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၃၄) ရှိပြီး ကျန်ရှိနေသည့် ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့် ထံက သိရသည်။

သင်းသင်းမြတ်