ချောင်းဆုံ နိုဝင်ဘာ ၂၅
မွန်ပြည်နယ် ချောင်းဆုံမြိုနယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ စိတ်အေးချမ်းသားစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နိုဝင်ဘာ (၂၅) ရက်နေ့က ကျွန်းသာယာခန်းမ၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ စွမ်းရည်မြှင့်သင်တန်းကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး စုစုပေါင်း (၉၄)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ (၃) ဦးတို့မှ ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်အတွင်း၌ မဲရုံပေါင်း (၇၃)ရုံး နှင့် ဒုတိယအကြိမ် ကပ်ထားကြေညာသည့် မဲပေးပိုင်ခွင့်ရှိသူ (၁၁၆၁၅၅) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)